Desktop ပေါ်က icon တွေကို သေးနေလို့ ကြီးချင်နေတဲ့ အချို့သော သူများရှိရင် change လို့ရအောင် အတွက် ရေးတာဖြစ်ပါတယ်။ XP အတွက် ဆိုရင် တော့ Registry မှာ ပြင်ပေးရမှာ ဖြစ်ပြီး Vista နဲ့ Window 7 အတွက်တော့ mouse တစ်လုံး လိုပါတယ်။
XP
၁. Run ကိုသွားပါ ( Window Key + R )
၂. regedit ရိုက်ပြီး Enter ခေါက်ပေးပါ။
၃. HKEY_CURRENT_USER\Control Panel\Desktop\WindowMetrics က Shell Icon Size မှာ Double Click နှိပ် ပြီး ကြိုက်တဲ့ value လေးရေးပြီး ပြင်ပေးလိုက်ရုံပါပဲ ။ Dafult Value က 32 ပါ။ ( size ကြီးပြီး ပုံပျက်ပန်းပျက် ဖြစ်သွားရင် တာဝန်မယူပါ ) :P

Vista & Window 7
Ctrl ကို ဖိထားပြီး Mouse ၏ scoll Button အား ကလိခြင်းဖြင့် ပြီးမြောက် စေကြောင်း။ :P

0 comments:
Post a Comment