KON-BOOT အကြောင်း


Kon-Boot ဆိုတာ Window & Linux Password Bypass လုပ်တဲ့ boot software ပါတဲ့ခင်ဗျား ။ 32 bit window တွေနဲ့ linux Kernel တွေအတွက် support လုပ်ပါတယ်။ Window နဲ့ linux ၂ ခု စလုံး အတွက် Kon Boot ကို Floppy , Usb Drive , Cd တို့ကနေ boot တက်နိုင်ပါတယ်။ Window OS တွေ အတွက်ကတော့ kon boot တက်ပြီး password တောင်းရင် ကြိုက်တဲ့ password ထည့်ရုံမျှ နဲ့ Admin ဖြစ်ပါတယ် :P ( ခက်တယ်နော် ) ။ Linux အတွက်ကတော့ kon-usr လို့ရိုက်ပေးလိုက်ရင် root ဖြစ်ပါပြီ။

Tested Windows versions

Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7


Kernel

Grub

Gentoo 2.6.24-gentoo-r5

GRUB 0.97

Ubuntu 2.6.24.3-debug

GRUB 0.97

Debian 2.6.18-6-6861

GRUB 0.97

Fedora 2.6.25.9-76.fc9.i6862

GRUB 0.97


Software ကို download လုပ်ဖို့အတွက် ဒီကို သွားပါ။ Kot Boot ကို Floppy version နဲ့ ISO version နှစ်ခုပေးထားပါတယ်။ ဒါဆို Usb ကနေဘယ်လို boot လုပ်ရမှာလဲ ဆိုတဲ့ မေးခွန်းတွေအတွက် နည်းရှိပါတယ်။

၁. UNetbootin သုံးရလိမ့်မယ် ။ ဒီက ယူပါ ။
၂. Kon-boot ကို floppy image ယူပြီး extract လုပ်ပါ။ .img နဲ့ format တစ်ခု ရလာလိမ့်မယ်။
၃. သုံးလိုတဲ့ Usb drive ကိုထည့်ပြီး Unetbootin Run ပေးလိုက်ပါ။


၎. Usb drive ရဲ့ drive letter ကို ရွေးပြီး type ကို usb drive လို့ထားပေးပါ ။ Ok နှိပ်လိုက်ပါဗျာ။
၅. Reboot လုပ်ပြီး Bios မှာ Usb ကနေ Boot ပါ။


Unetbootin ကို ဒီတစ်မျိုး အတွက်ပဲ သုံးတာမဟုတ်ပါဘူး ။ Ubuntu , Fedora , Freebsd , Suse အစရှိတဲ့ Linux Distrubution တွေမှာ သုံးလို့ ရပါတယ် ။ ISO version များ ဖြစ်တဲ့ Hiren အစအစ သော Boot Cd တွေအတွက် သုံးလို့ရပါတယ်ဗျာ။


0 comments:

Post a Comment