Analysis of Operating Systems


Microsoft Window


Microsoft Window အတွက်ကို XP , Vista နဲ့ Window ကို ယှဉ်ရေးသွားပါမယ် ။ Win 95 , Win 98 , Win Me တို့မလိုအပ်တော့ပါ။ သုံးချင်သူများ ရှိပါက ဆက်သွယ်ပါ ။ :P

Window XP

ကျွှန်တော် ကွန်ပြူတာ စကိုင်ဘူးတာ လွန်ခဲ့တဲ့ ၇ နှစ်လောက် က ကျွှန်တော် ၈ တန်းစာမေးပွဲ ပြီးလောက်ကပေါ့။ ကျွှန်တော် က ဘောလုံး crazy ဗျ ။ ဘောလုံးပဲ ကန်တာ.. ကျန်တာဘာမှလုပ်တာ မဟုတ်ဘူး။ အဲ နှစ်ကလဲ သုဝဏ ကွင်းမှာ ကျွှန်တော် ဘောလုံး သင်တန်းတက်မယ် လုပ်တာ။ အမေက ပထမတော့ အိုကေပဲ နောက်မှ အဲခောတ်က ကြားဖူးနားဝ ရှိတဲ့ computer သင်တန်းသွားတက် တဲ့။ ကဲ အဲဒါနဲ့ Window XP ကိုစကိုင်ဖူးပြီး office course ကို KMD မှာ တက်ခဲ့တယ်။ တက်တဲ့ အခါ မှာ ကျွှန်တော် က office course လေ့လာနေတယ် မထင်ပါနဲ့ ကျွှန်တော် ဆရာမ လစ်ရင် စက်ကို ကလိတာက အကျင့်။ မှတ်မိတယ် ၀ါယာကြိုးလေး ၂ ချောင်း စက်အပြင်ထွက် နေတာ ဘေးကစက်က အလစ်မှာ ၀ါယာကြိုး ပူးပေးလိုက်တာ ဖုန်း ဆိုပြီး ဂန့်သွားရော xD ( စက်က ဘာမှကိုတက်မလာတော့ဘူး )။ ပြောတာရှည် ကုန်ပြီ။ အဲဒီကနေ window XP စသုံးဘူးတယ်ပေါ့ဗျာ ။ window xp ကို သုံး သပ်ကြည့်ရင် UI ကောင်းတယ်ဗျ။ ဟုတ်တယ် window xp မှမဟုတ်ဘူး microsoft product တွေ အကုန်လုံး လိုလို UI ကောင်းကြတယ် အဲဒါ အားသာချက်ပဲ။ နားမလည်တဲ့ သူ တစ်ယောက်တောင် Start button ဆိုရင် ဒီက စရမယ်ဆိုတာ သိသလိုပေါ့။ သုံးသပ်ရရင်တော့ window xp အနေနဲ့ အောင်မြင်မှု တွေတော်တော် ရခဲ့ပါတယ်ဗျာ ။ SP1 မှာ နဲနဲ တိုင်ပတ်ခဲ့ပေမယ့် SP2 မှာ stable ဖြစ်သွားပါတယ် ( SP3 ကိုတော့ သိပ်မကြိုက်ပါ ) အသုံးပြုတဲ့ user တွေတော်တော် များများ အကြိုက်တွေ့ကြသလို အခုထိ XP ပဲသုံးနေတဲ့ သူတွေလဲရှိဆဲပါ။ Microsoft ကတော့ XP ကိုလက်ရှိမှာ ထုတ်တာ ရပ်ဆိုင်းလိုက်ပြီး။ နောက် လူငယ် ခြေတက် Vista နဲ့ Window 7 ကိုပွဲထုတ်တယ်ပေါ့ ။ အဆုံးသတ်ရရင် တော့ XP မှာ တစ်ချို့ security ပိုင်းဆိုင်ရာ အားနည်းမှုတွေရှိပေမယ့် သာမာန် စသုံးခဲ့တဲ့သူတွေကို သင်ပေးခဲ့တာပါပဲ။ Hardware Requirement လဲနည်းတယ် ။ Microsoft ရဲ့ အောင်မြင်ခဲ့တဲ့ OS တစ်ခုပါပဲ။

Window Vista

Vista ကတော့ တော်တော် များများ က ပြောကြတယ် မကောင်းဘူးတဲ့။ သေချာ မသုံးတတ်တာရယ် သေသေချာချာ လဲ မသုံး လိုက်လို့ အဲလိုပြောကြတာလို့ ယူဆပါတယ် ။November 2006 မှာ Vista Business နဲ့ Enterprise Edition ကို Xp professional အစား စထုတ်ခဲ့ပါတယ်။ January 2007 မှာ တော့ Xp Home အစား Vista Home Basic နဲ့ Premium ကို စတင်ဖြန့်ချီခဲ့ပါတယ်။ စထွက်ထွက် ချင်း Hardware Requirement လဲများတယ် ။ ပြီးတော့ User တွေအနေနဲ့ friendly မဖြစ်တာတွေ ဖြစ်ပါတယ်။ အချို့ Software တွေ အနေနဲ့ vista support မရှိသေးတာရယ် UAC ကြီးကို မပိတ်ထားလို့ တစ်ခုခု လုပ်မယ် ဆိုရင် မေးခွန်းတွေအများကြီး မေးတာတွေရယ်က user တွေကို အာရုံနောက်သွားတယ်နဲ့တူပါတယ် xD ။ ဘယ်လိုပဲပြောပြော Vista ဟာ Xp ထက်သာလို့ microsoft က ထုတ်လိုက်တာပါ။ ကျွှန်တော့ အမြင်ဆိုရင် hardware requirement လေးများသွားတာက လွဲလို့ အားလုံးကောင်းတယ်။ Vista ကို သုံးရရင် ညက်ပြီး ကို သွားသလိုလိုက်ပြီး သွားနေတယ်လို့ခံစားရတယ် ( ဘော်ဒါ တစ်ယောက်ပြောသလိုဆို ဒန်းစီး နေရသလိုပဲ :P )။ Vista ရဲ့ Aero Theme , Desktop Switcher mode တွေကတော့ လန်ထွက်နေပြီး feature အသစ် တွေကို စတင် မိတ်ဆက်ခဲ့ပါတယ် ( Ubuntu ကိုမမှီပါ ) ။ ပြီးတော့ repair mode :D ။ Restore Mode ကိုသွားလို့ရသွားတယ် ။ ပြီးတော့ Start Up repair ။ စတာစတာ တွေက ကျွှန်တော့ အတွက်တော့တော်တော် အဆင်ပြေပါတယ် ။ ERD commander တွေဘာတွေ XP မှာလိုပေမယ့် ခု Vista ခွေ နဲ့ တင်လုံလောက်ပါပြီ xD ။ နောက်တစ်ခု window update ပြသနာ Microsoft ကလဲ window lincense ရောင်းတာ က window update လေးနဲ့ ဆွယ်ပြီးရောင်းရတယ် ။ Original Window သုံးပါပေါ့ original မှ spyware , Virus , Trojen စတာတွေမ၀င်နိုင်ဘူး security patch တွေလဲရမယ် ဆိုတော့ ၀ယ်တဲ့ သူတိုင်းက update လုပ်ပါတယ် ။ ဒီတော့ update လုပ်တာ corrupt ဖြစ်သွားတာတို့ complete မဖြစ်တာတို့ ဆိုရင် အခန့်မသင့်ရင် Window တက်ပြီး window ထဲမ၀င် dimm ဖြစ်နေတတ်တယ်။ ဒီတော့ အဲလိုဖြစ်ရင် လာပြင်လို့ရပါတယ် ( ကြော်ငြာ ) :D။ update လုပ်ပြီး နှေးသွား တတ်တယ် ။ ခဏခဏ ကြုံဘူး ပါတယ်။ Xp အတွက် ကြီးပဲရှိတဲ့ software တွေတော့ နဲနဲ တိုင်ပတ်ပေမယ့် DEP လေးဖွင့်ပြီး သုံးရင် အဆင်ပြေတတ်တဲ့အတွက် အဆင်ပြေပါသည်။ Crack တွေ လဲမတရား ပေါ် ခဲ့တဲ့အတွက် ကောင်းပါ တယ်။ :P အဆုံးသတ်ကတော့ ကောင်းပါသည် ။ ကျွှန်တော် ကြိုက်ပါတယ်။ အားလုံး အနေနဲ့ ကတော့ 50 / 50 ပဲရှိနေမှာပါ။ Xp နဲ့ Vista တစ်ချို့ကွာခြားချက်လေးတွေကို နှိုင်းယှဉ် ပြထားပါတယ်။



Window 7

Window 7 ကတော့ လက်ရှိနောက်ဆုံးပေါ့ဗျာ ။ ဖြန့်ချီလိုက်တာ မကြာသေးခဲ့ပေမယ့် ကျွှန်တော် သုံးတာ ၁ နှစ်လောက်ရှိပါပြီ ။ Build 6801 မတိုင်ခင်ကတည်းက စသုံးခဲ့တာပါ။ အကြိုက်ဆုံးပါပဲ ။ Window 7 ရဲ့ requirement က Vista နဲ့တူပေမယ့် Vista ထက်ပေါ့တာတော့ အမှန်ပဲ ။ Device တွေအတွက် plug & play လိုဖြစ်လာပါတယ် ။တော်တော်များများ driver မလိုသလိုဖြစ်လာတယ်။ window 7 UAC ဟာ vista UAC ထက် improved ဖြစ်လာပါတယ်။ Task Bar အသစ်လေးနဲလန်းသလို super fast performance ပါပဲ။ Xp ထက် နဲနဲ လောက်သာလေးသွားပြီး Vista ထက်အများကြီးပေါ့သွားတယ်။ Shutdown , Restart , Logout အချိန်တွေဟာ သိသိသာသာ မြန်သွားပါတယ်။ New Features တွေဖြစ်တဲ့ Aero Shake, Peek နဲ့ snap တို့ အပြင် jump list စတာတွေဟာ တော်တော်လေးကို ကောင်းမွန်တယ်။ Window Xp mode အစရှိတာတွေလဲ new feature အဖြစ်ပါဝင်လာပါတယ်။ Window Xp mode အနေနဲ့ဆိုရင် xp မှာသုံးလို့ရတဲ့ software တွေကို window 7 မှာပါ သုံးလို့ completely perfect ဖြစ်ပါတယ်။ သက်သက် download လုပ်ပြီးသွင်းရပါတယ်။ သုံးကြည့်ပါ user တွေအနေနဲ့ကတော့ ကြိုက်တာ 80% လောက်ရှိပါလိမ့်မယ် ။ Xp သုံးနေတုန်း ဖြစ်ကြတဲ့ User တွေအတွက် ပါ အဆင်ပြေသွားပြီမို့ Window 7 ဟာ စထွက်ကတည်းက တာထွက်ကောင်းသွားပါတယ်။ ကျွှန်တော်အနေနဲ့ကတော့ အကြိုက်ဆုံးပါပဲဗျာ ။
New Features လေးတွေကိုကြည့်ပါ။

- Libraries
- Search Federation
- EnterpriseSearch Scopes – Requires Windows 7 Enterprise
- DirectAccess – Requires Windows 7 Enterprise, Windows Server 2008 R2
- VPN Reconnect
- BranchCache – Requires Windows 7 Enterprise, Windows Server 2008 R2
- Mobile Broadband
- RemoteApp& Desktop Connections
- BitLocker To Go – Requires Windows 7 Enterprise
- AppLocker – Requires Windows 7 Enterprise
- MultipleActive Firewall Profiles
- Domain Name SystemSecurity Extensions
- Biometric Support
- Scripting of Group Policy Settings – Requires RemoteServer Administration Tools for Windows 7
- Windows Troubleshooting Platform
- Problem Steps Recorder
- Remote Access to Reliability Data
- Dynamic Driver Provisioning
- Multicast MultipleStream Transfer
- VHD Image Management & Deployment
- Rich RemotingExperience (Multimedia, Bidirectional Audio, MultiMonitor)
- VHD Boot


Xp sp3 , Vista နဲ့ Window 7 နှိုင်းယှဉ်ချက်ပါ။



Window 8


Window 7 ပြီးရင် ထွက်လာမယ့် မျိုးဆက်ပါ ။ သူ့ရဲ့ features တွေကို သေချာ မသိရသေးသလို စမ်းလည်း မစမ်း ကြည့်ရသေးပါ။ စမ်းချင်သူများ အတွက် download Link တွေ့ရင် ပေးပါ့မယ်။


Linux


Linux အတွက်ကိုတော့ Ubuntu နဲ့ Bakctrack အကြောင်းပဲ ယှဉ်ရေးသွားပါမယ် ။ Fedora , နဲ့ Debian တို့ကိုသေချာ လဲ မစမ်းရသေးသဖြင့် ချန်ထားပါသည်။

Ubuntu 9.10

Ubuntu is and always will be free of charge. You do not pay any licensing fees. You can download, use and share Ubuntu with your friends, family, school or business for absolutely nothing. :D ကြိုက်လို့ကူးထားတာပါ ။ ဟုတ်ပါတယ် FOC ပါ။ သို့ပေမယ့် User တွေက FOC စိတ်မ၀င်စားပါဘူး FOC ထက် pirate software တွေပိုစိတ်ဝင်စားကြပါတယ်။Ubuntu 9.10 ကို လွန်ခဲ့တဲ့ လကမှ new version ဆိုပြီး ထွက်ခဲ့တာပါ။ UI အနေနဲ့ တော့ မဆိုးပေမယ့် မသုံးဘူးတဲ့သူတွေ အနေနဲ့ တိုင်ပတ်ပါလိမ့်မယ်။ ကျွှန်တော် Ubuntu 7.04 စထွက်ကတည်းက စသုံးခဲ့ပါတယ်။ စသုံးကာ စ အခြေအနေမှာ အရာရာ တိုင်းအတွက် တိုင်ပတ်ပါတယ်။ Internet မရှိရင် user အတွက် အဆင်မပြေသလို advanced user တွေအတွက်ပဲ ကောင်းပါလိမ့်မယ် ။ Ubuntu ရဲ့ Desktop effect တွေကိုတော့ Microsoft ရဲ့ window 7 လဲလိုက်မှီမှာ မဟုတ်ပါဘူး ။ သို့ပေမယ့် software အနေနဲ့ကျတော့ အခက်အခဲ လေးနဲနဲ တော့ရှိပါလိမ့်မယ် ။ Photoshop လိုမျိုးဟာတွေကို ubuntu မှာမရပါဘူး။ သို့ပေမယ့် photoshop နီးပါးသုံးလို့ရတဲ့ GIMP စတာတွေရှိပါတယ်။ Software တွေကတော့ open source software တွေပါပဲ အများကြီးထွက်တယ်။ Multimedia တွေအတွက် developer တွေအတွက် လဲ tools တွေအများကြီးထွက်ပါတယ် ။ Google က အသစ်ထုတ်လိုက်တဲ့ Go ဆိုတာလေးကို linux version အတွက်ထွက်ပေမယ့် window version အတွက် မထွက်သေးပါ။ သေသေချာချာ သုံးကြည့်ဖို့တော့လိုလိမ့်မယ် ။ Window app တွေ အတွက် wine တို့ဘာတို့ရှိပေမယ့် အားကိုးရတယ်လို့ မထင်ပါဘူး ။ Messenger တွေလဲအများကြီးရှိသလို Technichan သမား တွေအနေနဲ့လည်းသုံးသင့်တယ်။ အနည်းဆုံးတော့ Linux အခြေခံရသွားပါလိမ့်မယ်။ Linux ဆိုတော့ အများအားဖြင့် plug & play ပါပဲ ။ scanner ကောက်တပ်လိုက်လဲရတာပဲ ။ ဘာမှသွင်းစရာမလိုဘူး သို့ပေမယ့် ကောက်တပ်လို့မရရင်တော့ ရူးဖို့သာ ပြင်ထားပါပဲ ။ ရှာရပါမယ်။ :P စမ်းကြည့်ပါ။ ကြိုက်ပါတယ်။ သို့သော် Vmware နဲ့ ဟိုပြေးဒီပြေးပါပဲ။ xD Hardware တွေအားလုံး compitiable ဖြစ်တယ်ဆိုရင်တော့ ကောင်းပါတယ် ။ Window 7 ထက်မြန်တာတော့သေချာတယ်ဗျာ ။

Backtrack 4 pre

အကြိုက်ဆုံး Linux disco တွေထဲမှာ ပါပါတယ် BT က ပထမ , Ubuntu က ဒုတိယ ပါ။ ဘာတွေကောင်းလဲ ဆိုတော့ ကာ tools တွေ collection လုပ်ထားတဲ့ထဲမှာ အကောင်းဆုံးပါပဲ။ Aircrack Suite , Cain & Able ( MITM attack ) , John & the ripper , Hydra , ettercap , Metasploit , Nmap , Wireshack , အစ အစ သော tools တွေပါပါတယ်။ Sniffing , Spoofing , Brutefrocing အစရှိတဲ့ နည်းပညာ တွေသုံးရင် အသုံးဝင်ပါလိမ့်မယ် ။ Advanced user တွေ အတွက်ပါ။ နောက် ကျွှန်တော် tutorial လေးတွေတင်ပေးပါ့မယ် ။ အသုံးဝင်မှာပါ။

နိဂုံး

Window နဲ့ Linux မှာ Linux ကိုလည်းအားကိုးလို့မရပါဘူး သေချာတာတော့ window ကိုလုံးဝ လက်လွှတ်လို့ မရတာပါပဲ ။ Window မှာ app စုံပါတယ် လိုချင်တာမှန်သမျှ ရှာလို့ရနေပါတယ် ။ တန်ဖိုးကြီးတဲ့ software တွေကလည်း window အတွက်ပဲ ရေးကြပါတယ် Open Source ဆိုပြီး company ကြီးက အလကားရေးမပေးကြပါဘူး ။ တစ်ခုခု ဆိုရင် window ကနေလုပ်တာက ပိုပြီး တွင်ကျယ်ပါတယ်။ UI ကောင်းကောင်း နဲ့ crack version, crack window တွေ အလကားသုံးပြီး တတ်လာတဲ့ပညာ နဲ့တော့ microsoft ပိုက်ဆံယူတယ် မကောင်းဘူးတော့ မပြောပါနဲ့။ :D တစ်ခါမှ original မသုံးပါ ။ Microsoft ကောင်းပါတယ် ။ :D Window 7 လဲ loader တွေအများကြီး ။ Window 7 ပြီးတော့ နောက်ထွက်မယ့် Window 8 ကို စောင့်ကြတာပေါ့။ Original သုံးမယ့် အခါကိုမရောက်ပါဘူး ။ window တွေ က တစ်ခုပြီးတစ်ခု ပေါ်နေတော့ ၀ယ်မလို့စဉ်းစားတိုင်း နင်နင်သွားလို့ပါ။ :P ဖတ်ပေးတဲ့သူ အားလုံးကိုကျေးဇူးတင်ပါတယ် ။ ကျွှန်တော် လဲလေ့လာဆဲလူတစ်ယောက် မို့လို့လိုအပ် တာတွေ ရှိနေပါတယ်။ ဝေဖန်လို့ရပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ :)

0 comments:

Post a Comment