Keyboard နဲ့ Mouse Arrow ကိုရွှေ့မယ်


တစ်ခါတစ်လေ ကျရင် ကျွှန်တော်တို့ အပြင်မှာ outdoor စက်တွေ သွားပြင်ရတဲ့ အခါတွေမှာ ဖြစ်တတ်တာ လေး ရှိပါတယ်။ mouse မကောင်းတာ ဒါမှ မဟုတ် တစ်ခါ တစ်လေ usb mouse ဖြစ်တဲ့အတွက် ps2 တွေလောက် detect မမြန်တာတွေ ခဏခဏ ကြုံရပါတယ်။ အဲဒီ အခါကျရင် ကျွှန်တော် ကတော့ keyboard ကို mouse အနေနဲ့သုံးတယ်။ လွယ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

ALT + SHIFT + NUM LOCK ကိုတူတူ ဖိနှိပ်ပါ။ Mouse Key ဆိုတဲ့ Dialog Box လေးပေါ်လာပါလိမ့်မယ်။ Yes ရွေးပေးပါ။ အဲဒီ ကနေ စပြီး keyboard ကို mouse လိုသုံးလို့ရပါပြီ။ အောက်က ပုံကိုကြည့်ပါ။ ပိုမြန်ချင် ရင်တော့ run က main.cpl မှာ mouse speed ကိုတင်ပေးပါ။




What is Aero Shake, Aero Peek & Aero Snap Features In Window 7




မကြာသေး ခင်ကမှ released လုပ်ထားတဲ့ Microsoft ရဲ့ window 7 ဟာ vista ထက်သာလွန်တဲ့ အချက်တွေ Shut down , Restart , Start Up စတာတွေမှာ သိသိသာသာ ပိုမြန်ဆန်လာသလို UI ပိုင်းကလဲ ပြောစရာ မလိုအောင် ကောင်းပါတယ်။ Automatic Troubleshooter တွေပါတဲ့ ဒီ window ကတော့ end user တွေအတွက်လဲ သုံးစွဲရလွယ်ကူ စေမယ်လို့ ထင်ပါတယ်။ Window 7 ရဲ့ new features တွေထဲက အချို့ ဖြစ်တဲ့ Aero Shake , Aero Peek , Aero Snap စတာတွေကို အထက်ပါ video မှာ ကြည့်နိုင်ပါတယ်။

Deep Freeze Password Remover

Deep Freeze ကြီးတင်ပြီး password မေ့သွားလို့ အခက်တွေ့နေသူများအတွက် Deep Freeze Password Remover ကို ကိုဇော်ထက်ဟန်ကနေ မေးလ်ပို့လိုက်တဲ့အတွက် ပြန်ရှဲလိုက်ပါတယ်။ Deep Freeze version 6.10 မှာ စမ်းသပ်ကြည့်တာ ချက်ချင်းကိုပဲ password ပြုတ်သွားပါတယ်။

.:: DF Pass Remover ::.

Ref : :- ITmen


What Is UAC For Vista , Window 7 & DEP ?

UAC

UAC ( User Account Control ) ဆိုတာ Window Vista က စပြီး microsoft ရဲ့ feature တစ်ခု အဖြစ် ပါလာခဲ့သလို Window 7 မှာလဲပါလာပါတယ်။ Vista က UAC ကတော့ သုံးစွဲသူတွေကို စိတ်အနောက်အယှက် ဖြစ်စေတယ် လို့ ထင်ရပေမယ့် Security ပိုင်းဆိုင်ရာ အတွက်တော့ သာမာန် user တွေအတွက် ကာကွယ် ပေးနိုင်ပါတယ် ။ Window 7 မှာတော့ vista လောက် အနှောက်အယှက် မများတော့ပါဘူး။

UAC ရှိခြင်းအားဖြင့် User permission မရှိပဲနဲ့ excute လုပ်တဲ့ program တွေ run လို့မရတဲ့ ကောင်းကျိုးရှိ သလို User ဟာ Admin Right မရှိသလိုဖြစ်နေတဲ့ ဆိုးကျိုးလဲ ရှိပါသေးတယ်။ တစ်ချို့ program တွေ run ဖို့ အတွက်တော့ admin right လိုတဲ့ အတွက် Program တွေကို Right click နှိပ် Run as Administrator ဆိုပြီး ရွေးပေးလို့ရပါတယ်။ UAC ကို အောက်ပါအတိုင်း ပိတ်လို့ရပါတယ် ။

1. Control Panal မှ User Account ကို ရွေးပေးပါ။
2.အောက်ဆုံးက Change User Account Control Setting မှာ နှိပ်ပြီး အမှတ် ခြစ်ထားတာလေးကိုဖြုတ်ပြီး Ok နှိပ်ပါ ။ စက်အား Restart ချပေးလိုက်ပါ။ window 7 အတွက်ကတော့ ပုံ အတိုင်း ဘားတန်း ကို အောက်ကိုချပေးပါ ။




DEP

DEP ( Data Execution Prevention ) ဆိုတာ ကတော့ စက်ကိုထိခိုက်မယ် လို့ထင်ရတဲ့ program အချို့ နဲ့ window မှာ compitible မဖြစ်တဲ့ Program တွေ run လို့မရအောင်တားဆီးပေးပါတယ်။ တစ်ချို့ တစ်ချို့ သော Window program တွေကို OS က support မလုပ်ရင်လဲ DEP က excute လုပ်ခွင့်မပေးပါဘူး ။ Vista & Window 7 မှာ run လို့မရတဲ့ program အချို့ကို DEP ကို on ပေးပြီး သုံးလို့ရပါတယ် ။ DEP ကိုအောက်ပါအတိုင်း on လို့ရပါတယ်။

1. Window Key + R ( Run ) ကိုသွားပြီး sysdm.cpl လို့ရိုက်ပေးပါ ။
2.System Properties box ပေါ်လာရင် Advanced Tab ကိုရွေးပေးပါ။
3.Performance က Settings ကိုသွားပါ ။
4.Box ပေါ်လာလျှင် Data Execution Prevention ကိုသွားပါ။
5.Turn on DEP for all programs and services expect those I select ကိုရွေးပြီး ကို ဖွင့်ချင်သော program အား add လုပ်ပြီး ok နှိပ် စက်ကို restart ချပေးပါ။

Make Multiple Login For Msn , Yahoo & Gtalk

Google Talk ပွားသုံးနည်း ကို အားလုံး လိုလိုသိပြီးသား ဖြစ်နေပေမယ့် အများစု သုံးတဲ့ Window Live messenger နဲ့ Yahoo messenger တို့ ပွားနည်း ပါ တစ်ခါတည်း ရေးချင်တဲ့ အတွက် ဒီ post တင်လိုက်ရပါတယ်။ မသိသေးသူများ အတွက် နည်းသိသွားတာပေါ့ဗျာ ။

Google Talk

1.Google Talk Short Cut ပေါ်မှာ Right Click နှိပ် Properties ကိုရွေးပါ။
2.Target ရဲ့ နေရာက စာတန်းနောက်ဆုံး startmenu နေရာမှာ nomutex ကိုပြောင်းထည့်ပေးခြင်းအားဖြင့် Gtalk အားပွားသုံးလို့ရပါပြီ ။

Yahoo Messenger

1.Yahoo Messenger ကို install လုပ်ပြီးပါက notepad ကိုဖွင့်ပါ။
2.အောက်ပါ code လေးအား ကူးယူပါ။

REGEDIT4

[HKEY_CURRENT_USER\Software\Yahoo\Pager\Test]
"plural"=dword:00000020

3.သင်ကြိုက်နှစ်သော နာမည်ပေးပြီး .reg Extension ဖြင့် save ပါ။ ( Eg. yourfavname.reg )
4.အဆိုပါ ဖိုင်ကို Double Click နှိပ်ပါ ။ Warning Box ပေါ်ပါက yes ရွေးပေးပါ။
5.Box တစ်ခု ထပ်တပ်လာပါလိမ့်မယ် ။ Ok နှိပ်ပေးပါ။
သုံးလို့ ရပါပြီဗျာ။

Window Live Messenger ( MSN )

1.Msn အတွက် ကိုတော့ Live messenger ရဲ့ add-on တစ်ခု ဖြစ်တဲ့ Msn Shell ဆိုတာ ရှိရပါမယ်။
2.Msn shell ဟာ ပွားသုံးရန်တစ်ခုတည်းသာ မက Msn sniffer အစရှိတဲ့ အမျိုးမျိုးသော sniffing များအတွက် ကာကွယ်ပေးရုံသာမက , ပွားသုံးခြင်းနှင့် , Snap Feature စတာ တွေပါ ပါတဲ့အတွက် သုံးသင့်ပါတယ်။

.:: Msn Shell ::. ရယူရန်။

Internet Download Manager 5.18 Build 5


ပြောစရာ လိုမယ် မထင်ပါဘူး။ Online Streaming Website တွေက နေ video , Flash , Mp3 စသဖြင့် ကို လွယ်ကူစွာ Download လုပ်နိုင်တဲ့ Software ပါ။ Download Manager ထဲမှာတော့ အမြန်ဆုံးလို့ ပြောလို့ ရတယ်။ 5.18 Build 5 မှာတော့ Window 7 အတွက် Support ဖြစ်ပြီး အရင် version ကို Critical Bugs တွေက fix ထားပါတယ်။ အဆင်ပြေပါစေ။

.:: Download ::.

Ornagai


www.ornagai.com


Online Dictionary ဖြစ်ပါသည်။

Beta Version သာ ရှိသေးပေမယ့် သုံးစွဲရ လွယ်ကူပြီး English to Myanmar နှင့် Myanmar to English သို့ ပြန်ဆိုနိုင်ပါသည်။

မြန်မာများ အတွက် အဆင်ပြေအောင် ဖန်တီး ပေးကြတဲ့ ကိုစေတန် တို့အား ကျေးဇူးတင်ရှိပါသည်။