UAC ( User Account Control ) ဆိုတာ Window Vista က စပြီး microsoft ရဲ့ feature တစ်ခု အဖြစ် ပါလာခဲ့သလို Window 7 မှာလဲပါလာပါတယ်။ Vista က UAC ကတော့ သုံးစွဲသူတွေကို စိတ်အနောက်အယှက် ဖြစ်စေတယ် လို့ ထင်ရပေမယ့် Security ပိုင်းဆိုင်ရာ အတွက်တော့ သာမာန် user တွေအတွက် ကာကွယ် ပေးနိုင်ပါတယ် ။ Window 7 မှာတော့ vista လောက် အနှောက်အယှက် မများတော့ပါဘူး။
UAC ရှိခြင်းအားဖြင့် User permission မရှိပဲနဲ့ excute လုပ်တဲ့ program တွေ run လို့မရတဲ့ ကောင်းကျိုးရှိ သလို User ဟာ Admin Right မရှိသလိုဖြစ်နေတဲ့ ဆိုးကျိုးလဲ ရှိပါသေးတယ်။ တစ်ချို့ program တွေ run ဖို့ အတွက်တော့ admin right လိုတဲ့ အတွက် Program တွေကို Right click နှိပ် Run as Administrator ဆိုပြီး ရွေးပေးလို့ရပါတယ်။ UAC ကို အောက်ပါအတိုင်း ပိတ်လို့ရပါတယ် ။
1. Control Panal မှ User Account ကို ရွေးပေးပါ။
2.အောက်ဆုံးက Change User Account Control Setting မှာ နှိပ်ပြီး အမှတ် ခြစ်ထားတာလေးကိုဖြုတ်ပြီး Ok နှိပ်ပါ ။ စက်အား Restart ချပေးလိုက်ပါ။ window 7 အတွက်ကတော့ ပုံ အတိုင်း ဘားတန်း ကို အောက်ကိုချပေးပါ ။

DEP

DEP ( Data Execution Prevention ) ဆိုတာ ကတော့ စက်ကိုထိခိုက်မယ် လို့ထင်ရတဲ့ program အချို့ နဲ့ window မှာ compitible မဖြစ်တဲ့ Program တွေ run လို့မရအောင်တားဆီးပေးပါတယ်။ တစ်ချို့ တစ်ချို့ သော Window program တွေကို OS က support မလုပ်ရင်လဲ DEP က excute လုပ်ခွင့်မပေးပါဘူး ။ Vista & Window 7 မှာ run လို့မရတဲ့ program အချို့ကို DEP ကို on ပေးပြီး သုံးလို့ရပါတယ် ။ DEP ကိုအောက်ပါအတိုင်း on လို့ရပါတယ်။
1. Window Key + R ( Run ) ကိုသွားပြီး sysdm.cpl လို့ရိုက်ပေးပါ ။
2.System Properties box ပေါ်လာရင် Advanced Tab ကိုရွေးပေးပါ။
3.Performance က Settings ကိုသွားပါ ။
4.Box ပေါ်လာလျှင် Data Execution Prevention ကိုသွားပါ။
5.Turn on DEP for all programs and services expect those I select ကိုရွေးပြီး ကို ဖွင့်ချင်သော program အား add လုပ်ပြီး ok နှိပ် စက်ကို restart ချပေးပါ။

0 comments:
Post a Comment