Make Multiple Login For Msn , Yahoo & Gtalk

Google Talk ပွားသုံးနည်း ကို အားလုံး လိုလိုသိပြီးသား ဖြစ်နေပေမယ့် အများစု သုံးတဲ့ Window Live messenger နဲ့ Yahoo messenger တို့ ပွားနည်း ပါ တစ်ခါတည်း ရေးချင်တဲ့ အတွက် ဒီ post တင်လိုက်ရပါတယ်။ မသိသေးသူများ အတွက် နည်းသိသွားတာပေါ့ဗျာ ။

Google Talk

1.Google Talk Short Cut ပေါ်မှာ Right Click နှိပ် Properties ကိုရွေးပါ။
2.Target ရဲ့ နေရာက စာတန်းနောက်ဆုံး startmenu နေရာမှာ nomutex ကိုပြောင်းထည့်ပေးခြင်းအားဖြင့် Gtalk အားပွားသုံးလို့ရပါပြီ ။

Yahoo Messenger

1.Yahoo Messenger ကို install လုပ်ပြီးပါက notepad ကိုဖွင့်ပါ။
2.အောက်ပါ code လေးအား ကူးယူပါ။

REGEDIT4

[HKEY_CURRENT_USER\Software\Yahoo\Pager\Test]
"plural"=dword:00000020

3.သင်ကြိုက်နှစ်သော နာမည်ပေးပြီး .reg Extension ဖြင့် save ပါ။ ( Eg. yourfavname.reg )
4.အဆိုပါ ဖိုင်ကို Double Click နှိပ်ပါ ။ Warning Box ပေါ်ပါက yes ရွေးပေးပါ။
5.Box တစ်ခု ထပ်တပ်လာပါလိမ့်မယ် ။ Ok နှိပ်ပေးပါ။
သုံးလို့ ရပါပြီဗျာ။

Window Live Messenger ( MSN )

1.Msn အတွက် ကိုတော့ Live messenger ရဲ့ add-on တစ်ခု ဖြစ်တဲ့ Msn Shell ဆိုတာ ရှိရပါမယ်။
2.Msn shell ဟာ ပွားသုံးရန်တစ်ခုတည်းသာ မက Msn sniffer အစရှိတဲ့ အမျိုးမျိုးသော sniffing များအတွက် ကာကွယ်ပေးရုံသာမက , ပွားသုံးခြင်းနှင့် , Snap Feature စတာ တွေပါ ပါတဲ့အတွက် သုံးသင့်ပါတယ်။

.:: Msn Shell ::. ရယူရန်။

0 comments:

Post a Comment