Showing posts with label New. Show all posts
Showing posts with label New. Show all posts

Window 7 Aero enabler

Window 7 ထွက်လာခဲ့တယ်ဗျာ အဲဒီမှာ User တွေကို မျက်စိ အမြင်လှ စေမဲ့ Aero Peak , Aero Shake စတဲ့ Function လေးတွေနဲ့ ဖမ်းစားခဲ့ တယ်။ မိုက်လဲမိုက်ပါတယ်။ ခက်တာ က အဲဒီ Aero ဆိုတဲ့ သကောင့်သားတွေက win 7 starter, တို့  Home Premium တို့ မှာ မရဘူး ဗျ ပိတ်ထားတယ်လို့ ထင်တာ ပဲ။ အဲ အခုတော့ အဲဒီ Aero တွေကို win 7 တိုင်း မှာ သုံးလို့ ရအောင် သွားပြီ။ တစ်ခုတော့လို မယ် လိုတာလေး ကို

ဒီမှာ ဆွဲလိုက်ပါ။

အဲဒီကောင်လေးကို ဒေါင်းလုပ် ချ ပြီး အထဲက exe ဖိုင်လေးကို run လိုက်ရင် ဒီလိုမြင်ရပါမယ်။

အဲဒီမှာ Disable Hardware check လေးကို Check ထားပြီး Enable Aero ဆိုတာလေးကို Click လိုက်ရင်


Aero မရတဲ့ စက်တွေမှာ Aero သုံးလို့ ရပြီပေါ့ ဗျာ။ ဒီလိုပဲပြောကြတာပါပဲး)

ဒေါင်းလုပ်ဆွဲတဲ့အခါ password တောင်းရင် itgarden လို့ တော့ ရိုက်ထည့်ပေးကြပေါ့ဗျာ။

ပြီးတော့ အဲဒါကို သုံးဖို့ .net frame work 3.5 လိုတယ် ဗျ မရှိဘူးထင်ရင်တော့ ဒီမှာ ဒေါင်းဗျာ

ဂူးဂဲလ်ဂိမ်း

ဟိုအရင်ရက်ပိုင်းတွေတုန်းက ကျွန်တော်တို့ ကျေးဇူးရှင်ကြီး google.com ကို load လုပ်တိုင်း pacman game လေး ပါပါလာတယ်။အဲဒါလေးမြင်မိတော့ ငယ်ငယ်တုန်းက ကလေး ဘ၀ တွေ ကို သတိရတယ်ဗျာ Family Game Controller လေးကို လက်မှာ ကိုင် TV ကို တမော့မော့ကြည့်ရင်းနဲ့  ဆော့ရတာ အဲဒီဂိမ်းလေး ကို။ တခါ တခါ ထမင်းပါမေ့တယ် ကစားရတား) အခု လဲ အဲဒီပေါ်မှာထိုင်ကစား တာ အရမ်းမိုက်တယ်ဗျာ ကလေးဘ၀ ကိုပြန်ရောက်သွားသလို ပဲ ဒါပေမဲ့ ဒီနေ့ သွားကြည့်တော့ Google မှာ အဲဒါလေးမရှိတော့ဘူးဗျာ နဲနဲတောင်ဝမ်းနဲ သွားတယ် ဒါနဲ့ ဟို ကြည့်ဒီကြည့် လိုက်ပြီး စူးစမ်းလေ့လာ ကြည့်တော့ Google က မဖြုတ်သေးဘူး ဗျ ဖွက်ထားတဲ့သဘောပါ ဘာရယ်တော့မဟုတ်ဘူး။ ကစား ချင်သပ ဆိုရင်တော့ browser က Address bar မှာ www.google.com/pacman ဆိုတာလေးရိုက်ကြည့်လိုက် ဘွားကနဲ ပေါ်လာလိမ့်မယ် connection ကောင်းနေရင်ပေါ့း) အဟဲ။ အော်ကျန်သေးတယ် အဲဒီမှာ ၂ ယောက်ဆော့လို့ လဲရတယ် တစ်ယောက်က Arrow key တွေထိန်း နောက်တစ်ယောက် က ASWD Key ထိန်းပြီးတော့ပေါ့။ အဲဒီလို ၂ ယောက်ဆော့ဖို့ က google.com က search bar ၇ဲ့ အောာက်မှာ insert coin ဆို တဲ့ Button ကို တစ်ချက် နှိပ် loading စောင့် ပြီးရင် ၂ ယောက်သား သဘောရှိ ကရောဟိ လို့ ရပြီပေါ့ဗျာ သွားကြည့်ကြည့်ချင်သပ ဆိုရင်တော့


www.google.com/pacman

Burglish မှ မြန်မာစာလုံး သို့



Burglish ပဲ ရိုက်တတ်တဲ့သူ ဒါမှမဟုတ် အခြေအနေ အကြောင်းကြောင်းကြောင့် မြန်မာလိုရိုက်လို့ မရရင် burglish လိုရိုက်တာနဲ့ မြန်မာလို ပြန်ပေးပါလိမ့်မယ် ။

ဒီကိုသွားပါ ။ .:: Burlish Engine ::.

Ornagai


www.ornagai.com


Online Dictionary ဖြစ်ပါသည်။

Beta Version သာ ရှိသေးပေမယ့် သုံးစွဲရ လွယ်ကူပြီး English to Myanmar နှင့် Myanmar to English သို့ ပြန်ဆိုနိုင်ပါသည်။

မြန်မာများ အတွက် အဆင်ပြေအောင် ဖန်တီး ပေးကြတဲ့ ကိုစေတန် တို့အား ကျေးဇူးတင်ရှိပါသည်။