ဂျာနယ်ကြော်ငြာ



ကျွှန်တော်တို့ Group ကြော်ငြာ ကို ဟဲလိုမြန်မာ ဂျာနယ် မှာ အပါတ်စဉ် တွေ့ရတော့မှာ ဖြစ်ပါတယ်။ Sponser ပေးခဲ့တဲ့ ဟဲလိုမြန်မာ နဲ့ ခောတ်သစ်မြန်မာ ဂျာနယ် မှ ကို သက်ပြင်းကို ကျေးဇူး တင်ပါတယ်။ :D

Analysis of Operating Systems


Microsoft Window


Microsoft Window အတွက်ကို XP , Vista နဲ့ Window ကို ယှဉ်ရေးသွားပါမယ် ။ Win 95 , Win 98 , Win Me တို့မလိုအပ်တော့ပါ။ သုံးချင်သူများ ရှိပါက ဆက်သွယ်ပါ ။ :P

Window XP

ကျွှန်တော် ကွန်ပြူတာ စကိုင်ဘူးတာ လွန်ခဲ့တဲ့ ၇ နှစ်လောက် က ကျွှန်တော် ၈ တန်းစာမေးပွဲ ပြီးလောက်ကပေါ့။ ကျွှန်တော် က ဘောလုံး crazy ဗျ ။ ဘောလုံးပဲ ကန်တာ.. ကျန်တာဘာမှလုပ်တာ မဟုတ်ဘူး။ အဲ နှစ်ကလဲ သုဝဏ ကွင်းမှာ ကျွှန်တော် ဘောလုံး သင်တန်းတက်မယ် လုပ်တာ။ အမေက ပထမတော့ အိုကေပဲ နောက်မှ အဲခောတ်က ကြားဖူးနားဝ ရှိတဲ့ computer သင်တန်းသွားတက် တဲ့။ ကဲ အဲဒါနဲ့ Window XP ကိုစကိုင်ဖူးပြီး office course ကို KMD မှာ တက်ခဲ့တယ်။ တက်တဲ့ အခါ မှာ ကျွှန်တော် က office course လေ့လာနေတယ် မထင်ပါနဲ့ ကျွှန်တော် ဆရာမ လစ်ရင် စက်ကို ကလိတာက အကျင့်။ မှတ်မိတယ် ၀ါယာကြိုးလေး ၂ ချောင်း စက်အပြင်ထွက် နေတာ ဘေးကစက်က အလစ်မှာ ၀ါယာကြိုး ပူးပေးလိုက်တာ ဖုန်း ဆိုပြီး ဂန့်သွားရော xD ( စက်က ဘာမှကိုတက်မလာတော့ဘူး )။ ပြောတာရှည် ကုန်ပြီ။ အဲဒီကနေ window XP စသုံးဘူးတယ်ပေါ့ဗျာ ။ window xp ကို သုံး သပ်ကြည့်ရင် UI ကောင်းတယ်ဗျ။ ဟုတ်တယ် window xp မှမဟုတ်ဘူး microsoft product တွေ အကုန်လုံး လိုလို UI ကောင်းကြတယ် အဲဒါ အားသာချက်ပဲ။ နားမလည်တဲ့ သူ တစ်ယောက်တောင် Start button ဆိုရင် ဒီက စရမယ်ဆိုတာ သိသလိုပေါ့။ သုံးသပ်ရရင်တော့ window xp အနေနဲ့ အောင်မြင်မှု တွေတော်တော် ရခဲ့ပါတယ်ဗျာ ။ SP1 မှာ နဲနဲ တိုင်ပတ်ခဲ့ပေမယ့် SP2 မှာ stable ဖြစ်သွားပါတယ် ( SP3 ကိုတော့ သိပ်မကြိုက်ပါ ) အသုံးပြုတဲ့ user တွေတော်တော် များများ အကြိုက်တွေ့ကြသလို အခုထိ XP ပဲသုံးနေတဲ့ သူတွေလဲရှိဆဲပါ။ Microsoft ကတော့ XP ကိုလက်ရှိမှာ ထုတ်တာ ရပ်ဆိုင်းလိုက်ပြီး။ နောက် လူငယ် ခြေတက် Vista နဲ့ Window 7 ကိုပွဲထုတ်တယ်ပေါ့ ။ အဆုံးသတ်ရရင် တော့ XP မှာ တစ်ချို့ security ပိုင်းဆိုင်ရာ အားနည်းမှုတွေရှိပေမယ့် သာမာန် စသုံးခဲ့တဲ့သူတွေကို သင်ပေးခဲ့တာပါပဲ။ Hardware Requirement လဲနည်းတယ် ။ Microsoft ရဲ့ အောင်မြင်ခဲ့တဲ့ OS တစ်ခုပါပဲ။

Window Vista

Vista ကတော့ တော်တော် များများ က ပြောကြတယ် မကောင်းဘူးတဲ့။ သေချာ မသုံးတတ်တာရယ် သေသေချာချာ လဲ မသုံး လိုက်လို့ အဲလိုပြောကြတာလို့ ယူဆပါတယ် ။November 2006 မှာ Vista Business နဲ့ Enterprise Edition ကို Xp professional အစား စထုတ်ခဲ့ပါတယ်။ January 2007 မှာ တော့ Xp Home အစား Vista Home Basic နဲ့ Premium ကို စတင်ဖြန့်ချီခဲ့ပါတယ်။ စထွက်ထွက် ချင်း Hardware Requirement လဲများတယ် ။ ပြီးတော့ User တွေအနေနဲ့ friendly မဖြစ်တာတွေ ဖြစ်ပါတယ်။ အချို့ Software တွေ အနေနဲ့ vista support မရှိသေးတာရယ် UAC ကြီးကို မပိတ်ထားလို့ တစ်ခုခု လုပ်မယ် ဆိုရင် မေးခွန်းတွေအများကြီး မေးတာတွေရယ်က user တွေကို အာရုံနောက်သွားတယ်နဲ့တူပါတယ် xD ။ ဘယ်လိုပဲပြောပြော Vista ဟာ Xp ထက်သာလို့ microsoft က ထုတ်လိုက်တာပါ။ ကျွှန်တော့ အမြင်ဆိုရင် hardware requirement လေးများသွားတာက လွဲလို့ အားလုံးကောင်းတယ်။ Vista ကို သုံးရရင် ညက်ပြီး ကို သွားသလိုလိုက်ပြီး သွားနေတယ်လို့ခံစားရတယ် ( ဘော်ဒါ တစ်ယောက်ပြောသလိုဆို ဒန်းစီး နေရသလိုပဲ :P )။ Vista ရဲ့ Aero Theme , Desktop Switcher mode တွေကတော့ လန်ထွက်နေပြီး feature အသစ် တွေကို စတင် မိတ်ဆက်ခဲ့ပါတယ် ( Ubuntu ကိုမမှီပါ ) ။ ပြီးတော့ repair mode :D ။ Restore Mode ကိုသွားလို့ရသွားတယ် ။ ပြီးတော့ Start Up repair ။ စတာစတာ တွေက ကျွှန်တော့ အတွက်တော့တော်တော် အဆင်ပြေပါတယ် ။ ERD commander တွေဘာတွေ XP မှာလိုပေမယ့် ခု Vista ခွေ နဲ့ တင်လုံလောက်ပါပြီ xD ။ နောက်တစ်ခု window update ပြသနာ Microsoft ကလဲ window lincense ရောင်းတာ က window update လေးနဲ့ ဆွယ်ပြီးရောင်းရတယ် ။ Original Window သုံးပါပေါ့ original မှ spyware , Virus , Trojen စတာတွေမ၀င်နိုင်ဘူး security patch တွေလဲရမယ် ဆိုတော့ ၀ယ်တဲ့ သူတိုင်းက update လုပ်ပါတယ် ။ ဒီတော့ update လုပ်တာ corrupt ဖြစ်သွားတာတို့ complete မဖြစ်တာတို့ ဆိုရင် အခန့်မသင့်ရင် Window တက်ပြီး window ထဲမ၀င် dimm ဖြစ်နေတတ်တယ်။ ဒီတော့ အဲလိုဖြစ်ရင် လာပြင်လို့ရပါတယ် ( ကြော်ငြာ ) :D။ update လုပ်ပြီး နှေးသွား တတ်တယ် ။ ခဏခဏ ကြုံဘူး ပါတယ်။ Xp အတွက် ကြီးပဲရှိတဲ့ software တွေတော့ နဲနဲ တိုင်ပတ်ပေမယ့် DEP လေးဖွင့်ပြီး သုံးရင် အဆင်ပြေတတ်တဲ့အတွက် အဆင်ပြေပါသည်။ Crack တွေ လဲမတရား ပေါ် ခဲ့တဲ့အတွက် ကောင်းပါ တယ်။ :P အဆုံးသတ်ကတော့ ကောင်းပါသည် ။ ကျွှန်တော် ကြိုက်ပါတယ်။ အားလုံး အနေနဲ့ ကတော့ 50 / 50 ပဲရှိနေမှာပါ။ Xp နဲ့ Vista တစ်ချို့ကွာခြားချက်လေးတွေကို နှိုင်းယှဉ် ပြထားပါတယ်။



Window 7

Window 7 ကတော့ လက်ရှိနောက်ဆုံးပေါ့ဗျာ ။ ဖြန့်ချီလိုက်တာ မကြာသေးခဲ့ပေမယ့် ကျွှန်တော် သုံးတာ ၁ နှစ်လောက်ရှိပါပြီ ။ Build 6801 မတိုင်ခင်ကတည်းက စသုံးခဲ့တာပါ။ အကြိုက်ဆုံးပါပဲ ။ Window 7 ရဲ့ requirement က Vista နဲ့တူပေမယ့် Vista ထက်ပေါ့တာတော့ အမှန်ပဲ ။ Device တွေအတွက် plug & play လိုဖြစ်လာပါတယ် ။တော်တော်များများ driver မလိုသလိုဖြစ်လာတယ်။ window 7 UAC ဟာ vista UAC ထက် improved ဖြစ်လာပါတယ်။ Task Bar အသစ်လေးနဲလန်းသလို super fast performance ပါပဲ။ Xp ထက် နဲနဲ လောက်သာလေးသွားပြီး Vista ထက်အများကြီးပေါ့သွားတယ်။ Shutdown , Restart , Logout အချိန်တွေဟာ သိသိသာသာ မြန်သွားပါတယ်။ New Features တွေဖြစ်တဲ့ Aero Shake, Peek နဲ့ snap တို့ အပြင် jump list စတာတွေဟာ တော်တော်လေးကို ကောင်းမွန်တယ်။ Window Xp mode အစရှိတာတွေလဲ new feature အဖြစ်ပါဝင်လာပါတယ်။ Window Xp mode အနေနဲ့ဆိုရင် xp မှာသုံးလို့ရတဲ့ software တွေကို window 7 မှာပါ သုံးလို့ completely perfect ဖြစ်ပါတယ်။ သက်သက် download လုပ်ပြီးသွင်းရပါတယ်။ သုံးကြည့်ပါ user တွေအနေနဲ့ကတော့ ကြိုက်တာ 80% လောက်ရှိပါလိမ့်မယ် ။ Xp သုံးနေတုန်း ဖြစ်ကြတဲ့ User တွေအတွက် ပါ အဆင်ပြေသွားပြီမို့ Window 7 ဟာ စထွက်ကတည်းက တာထွက်ကောင်းသွားပါတယ်။ ကျွှန်တော်အနေနဲ့ကတော့ အကြိုက်ဆုံးပါပဲဗျာ ။
New Features လေးတွေကိုကြည့်ပါ။

- Libraries
- Search Federation
- EnterpriseSearch Scopes – Requires Windows 7 Enterprise
- DirectAccess – Requires Windows 7 Enterprise, Windows Server 2008 R2
- VPN Reconnect
- BranchCache – Requires Windows 7 Enterprise, Windows Server 2008 R2
- Mobile Broadband
- RemoteApp& Desktop Connections
- BitLocker To Go – Requires Windows 7 Enterprise
- AppLocker – Requires Windows 7 Enterprise
- MultipleActive Firewall Profiles
- Domain Name SystemSecurity Extensions
- Biometric Support
- Scripting of Group Policy Settings – Requires RemoteServer Administration Tools for Windows 7
- Windows Troubleshooting Platform
- Problem Steps Recorder
- Remote Access to Reliability Data
- Dynamic Driver Provisioning
- Multicast MultipleStream Transfer
- VHD Image Management & Deployment
- Rich RemotingExperience (Multimedia, Bidirectional Audio, MultiMonitor)
- VHD Boot


Xp sp3 , Vista နဲ့ Window 7 နှိုင်းယှဉ်ချက်ပါ။



Window 8


Window 7 ပြီးရင် ထွက်လာမယ့် မျိုးဆက်ပါ ။ သူ့ရဲ့ features တွေကို သေချာ မသိရသေးသလို စမ်းလည်း မစမ်း ကြည့်ရသေးပါ။ စမ်းချင်သူများ အတွက် download Link တွေ့ရင် ပေးပါ့မယ်။


Linux


Linux အတွက်ကိုတော့ Ubuntu နဲ့ Bakctrack အကြောင်းပဲ ယှဉ်ရေးသွားပါမယ် ။ Fedora , နဲ့ Debian တို့ကိုသေချာ လဲ မစမ်းရသေးသဖြင့် ချန်ထားပါသည်။

Ubuntu 9.10

Ubuntu is and always will be free of charge. You do not pay any licensing fees. You can download, use and share Ubuntu with your friends, family, school or business for absolutely nothing. :D ကြိုက်လို့ကူးထားတာပါ ။ ဟုတ်ပါတယ် FOC ပါ။ သို့ပေမယ့် User တွေက FOC စိတ်မ၀င်စားပါဘူး FOC ထက် pirate software တွေပိုစိတ်ဝင်စားကြပါတယ်။Ubuntu 9.10 ကို လွန်ခဲ့တဲ့ လကမှ new version ဆိုပြီး ထွက်ခဲ့တာပါ။ UI အနေနဲ့ တော့ မဆိုးပေမယ့် မသုံးဘူးတဲ့သူတွေ အနေနဲ့ တိုင်ပတ်ပါလိမ့်မယ်။ ကျွှန်တော် Ubuntu 7.04 စထွက်ကတည်းက စသုံးခဲ့ပါတယ်။ စသုံးကာ စ အခြေအနေမှာ အရာရာ တိုင်းအတွက် တိုင်ပတ်ပါတယ်။ Internet မရှိရင် user အတွက် အဆင်မပြေသလို advanced user တွေအတွက်ပဲ ကောင်းပါလိမ့်မယ် ။ Ubuntu ရဲ့ Desktop effect တွေကိုတော့ Microsoft ရဲ့ window 7 လဲလိုက်မှီမှာ မဟုတ်ပါဘူး ။ သို့ပေမယ့် software အနေနဲ့ကျတော့ အခက်အခဲ လေးနဲနဲ တော့ရှိပါလိမ့်မယ် ။ Photoshop လိုမျိုးဟာတွေကို ubuntu မှာမရပါဘူး။ သို့ပေမယ့် photoshop နီးပါးသုံးလို့ရတဲ့ GIMP စတာတွေရှိပါတယ်။ Software တွေကတော့ open source software တွေပါပဲ အများကြီးထွက်တယ်။ Multimedia တွေအတွက် developer တွေအတွက် လဲ tools တွေအများကြီးထွက်ပါတယ် ။ Google က အသစ်ထုတ်လိုက်တဲ့ Go ဆိုတာလေးကို linux version အတွက်ထွက်ပေမယ့် window version အတွက် မထွက်သေးပါ။ သေသေချာချာ သုံးကြည့်ဖို့တော့လိုလိမ့်မယ် ။ Window app တွေ အတွက် wine တို့ဘာတို့ရှိပေမယ့် အားကိုးရတယ်လို့ မထင်ပါဘူး ။ Messenger တွေလဲအများကြီးရှိသလို Technichan သမား တွေအနေနဲ့လည်းသုံးသင့်တယ်။ အနည်းဆုံးတော့ Linux အခြေခံရသွားပါလိမ့်မယ်။ Linux ဆိုတော့ အများအားဖြင့် plug & play ပါပဲ ။ scanner ကောက်တပ်လိုက်လဲရတာပဲ ။ ဘာမှသွင်းစရာမလိုဘူး သို့ပေမယ့် ကောက်တပ်လို့မရရင်တော့ ရူးဖို့သာ ပြင်ထားပါပဲ ။ ရှာရပါမယ်။ :P စမ်းကြည့်ပါ။ ကြိုက်ပါတယ်။ သို့သော် Vmware နဲ့ ဟိုပြေးဒီပြေးပါပဲ။ xD Hardware တွေအားလုံး compitiable ဖြစ်တယ်ဆိုရင်တော့ ကောင်းပါတယ် ။ Window 7 ထက်မြန်တာတော့သေချာတယ်ဗျာ ။

Backtrack 4 pre

အကြိုက်ဆုံး Linux disco တွေထဲမှာ ပါပါတယ် BT က ပထမ , Ubuntu က ဒုတိယ ပါ။ ဘာတွေကောင်းလဲ ဆိုတော့ ကာ tools တွေ collection လုပ်ထားတဲ့ထဲမှာ အကောင်းဆုံးပါပဲ။ Aircrack Suite , Cain & Able ( MITM attack ) , John & the ripper , Hydra , ettercap , Metasploit , Nmap , Wireshack , အစ အစ သော tools တွေပါပါတယ်။ Sniffing , Spoofing , Brutefrocing အစရှိတဲ့ နည်းပညာ တွေသုံးရင် အသုံးဝင်ပါလိမ့်မယ် ။ Advanced user တွေ အတွက်ပါ။ နောက် ကျွှန်တော် tutorial လေးတွေတင်ပေးပါ့မယ် ။ အသုံးဝင်မှာပါ။

နိဂုံး

Window နဲ့ Linux မှာ Linux ကိုလည်းအားကိုးလို့မရပါဘူး သေချာတာတော့ window ကိုလုံးဝ လက်လွှတ်လို့ မရတာပါပဲ ။ Window မှာ app စုံပါတယ် လိုချင်တာမှန်သမျှ ရှာလို့ရနေပါတယ် ။ တန်ဖိုးကြီးတဲ့ software တွေကလည်း window အတွက်ပဲ ရေးကြပါတယ် Open Source ဆိုပြီး company ကြီးက အလကားရေးမပေးကြပါဘူး ။ တစ်ခုခု ဆိုရင် window ကနေလုပ်တာက ပိုပြီး တွင်ကျယ်ပါတယ်။ UI ကောင်းကောင်း နဲ့ crack version, crack window တွေ အလကားသုံးပြီး တတ်လာတဲ့ပညာ နဲ့တော့ microsoft ပိုက်ဆံယူတယ် မကောင်းဘူးတော့ မပြောပါနဲ့။ :D တစ်ခါမှ original မသုံးပါ ။ Microsoft ကောင်းပါတယ် ။ :D Window 7 လဲ loader တွေအများကြီး ။ Window 7 ပြီးတော့ နောက်ထွက်မယ့် Window 8 ကို စောင့်ကြတာပေါ့။ Original သုံးမယ့် အခါကိုမရောက်ပါဘူး ။ window တွေ က တစ်ခုပြီးတစ်ခု ပေါ်နေတော့ ၀ယ်မလို့စဉ်းစားတိုင်း နင်နင်သွားလို့ပါ။ :P ဖတ်ပေးတဲ့သူ အားလုံးကိုကျေးဇူးတင်ပါတယ် ။ ကျွှန်တော် လဲလေ့လာဆဲလူတစ်ယောက် မို့လို့လိုအပ် တာတွေ ရှိနေပါတယ်။ ဝေဖန်လို့ရပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ :)

Window 7 Codes





A new version of one of the most complete codec packs to view the video in various formats, as well as listen to audio recordings.

Codes pack သွင်းပြီးတာနဲ့ Window Media Player ကနေ ဘယ် format မဆို ကြည့်လို့ရသွားပါလိမ့်မယ်။

.:: Download ::.

Business Card




ကျွှန်တော် တို့ရဲ့ business card လေးပါ။ မိတ်ဆွေတို့ရဲ့ computer ပြဿနာ များအတွက် တာဝန်ယူ ဖြေရှင်းပေးနေပါပြီဗျာ။ :) အားလုံး အဆင်ပြေကြပါစေ ။

System File Checker ( SFC )




Wht is SFC ?
Long Term iz System File Checker.
Tat mean u can use diz command at get back ur os to normal status while infecting virus or system is not stable. xD

U must have os cd for doing this processes.

Just type sfc at cmd. Six option will avaliable for u 2 do dat.

1. /scannow
2. /verifyonly
3. /scanfile
4. /verifyfile
5. /offbootdir
6. /offwindir

Sori 4 my english. I m little bit stupid at sometime. ( may be always ) :P

Some Tips for Beginner




" \ " ကိုရိုက်ရင် Window Directory ထဲကိုရောက်ပါတယ်။

" . " ကတော့ Current User ရဲ့ Document ထဲကိုရောက်တယ်။

Shift + Del အတူတူ နှိပ်ပေးခြင်းဖြင့် delete လုပ်တဲ့ ဖိုင်တွေဟာ Recycle Bin ထဲကိုမရောက်ပဲ အပြီးဖျက်သွားပါလိမ့်မယ်။

Software မသုံးပဲ folder ဖွက်မယ်ဆိုရင်

ဖွက်ချင်တဲ့ Folder ကို ရွေး Right Click နှိပ် rename ရွေး ALT ကိုဖိထား ပြီး 0160 ဒါမှ မဟုတ် 255
( 0255 for Xp ) ကိုရိုက် လိုက်ရင် နာမည် ပေါ်လာမှာမဟုတ်ဘူး ။ Enter နှိပ် ။ Folder ကို Right Click နှိပ် ပြီး Properties ကိုသွားပါ။ Customize က change icon ကိုရွေး ။ icon တွေထဲက ဘာပုံမှမရှိတဲ့ ပုံလေးကိုရွေး ပေးပါ။

ပြောင်းပြန်လှန်မလား :P

အချို့ အချို့ သော စက်တွေမှာ ( I think intel 945 chipset & above , Nvidia Graphic , etc ) Ctrl key နဲ့ alt နဲ့ ဖိ နှိပ် ထား ပြီး ( arrow key ) ကို နှိပ်ကြည့်ပါလား။ ဘာဖြစ်သွားမှာလဲ မသိဘူးနော်။ အဲလိုပဲ
▼◄ ► တွေလည်းသုံးလို့ရတယ် ။ ( အရင် စမ်းကြည့်ပါ ) xD

Make ur Icon Bigger at XP , Vista & Win 7


Desktop ပေါ်က icon တွေကို သေးနေလို့ ကြီးချင်နေတဲ့ အချို့သော သူများရှိရင် change လို့ရအောင် အတွက် ရေးတာဖြစ်ပါတယ်။ XP အတွက် ဆိုရင် တော့ Registry မှာ ပြင်ပေးရမှာ ဖြစ်ပြီး Vista နဲ့ Window 7 အတွက်တော့ mouse တစ်လုံး လိုပါတယ်။

XP

၁. Run ကိုသွားပါ ( Window Key + R )
၂. regedit ရိုက်ပြီး Enter ခေါက်ပေးပါ။
၃. HKEY_CURRENT_USER\Control Panel\Desktop\WindowMetrics က Shell Icon Size မှာ Double Click နှိပ် ပြီး ကြိုက်တဲ့ value လေးရေးပြီး ပြင်ပေးလိုက်ရုံပါပဲ ။ Dafult Value က 32 ပါ။ ( size ကြီးပြီး ပုံပျက်ပန်းပျက် ဖြစ်သွားရင် တာဝန်မယူပါ ) :P


Vista & Window 7

Ctrl ကို ဖိထားပြီး Mouse ၏ scoll Button အား ကလိခြင်းဖြင့် ပြီးမြောက် စေကြောင်း။ :P





KON-BOOT အကြောင်း


Kon-Boot ဆိုတာ Window & Linux Password Bypass လုပ်တဲ့ boot software ပါတဲ့ခင်ဗျား ။ 32 bit window တွေနဲ့ linux Kernel တွေအတွက် support လုပ်ပါတယ်။ Window နဲ့ linux ၂ ခု စလုံး အတွက် Kon Boot ကို Floppy , Usb Drive , Cd တို့ကနေ boot တက်နိုင်ပါတယ်။ Window OS တွေ အတွက်ကတော့ kon boot တက်ပြီး password တောင်းရင် ကြိုက်တဲ့ password ထည့်ရုံမျှ နဲ့ Admin ဖြစ်ပါတယ် :P ( ခက်တယ်နော် ) ။ Linux အတွက်ကတော့ kon-usr လို့ရိုက်ပေးလိုက်ရင် root ဖြစ်ပါပြီ။

Tested Windows versions

Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7


Kernel

Grub

Gentoo 2.6.24-gentoo-r5

GRUB 0.97

Ubuntu 2.6.24.3-debug

GRUB 0.97

Debian 2.6.18-6-6861

GRUB 0.97

Fedora 2.6.25.9-76.fc9.i6862

GRUB 0.97


Software ကို download လုပ်ဖို့အတွက် ဒီကို သွားပါ။ Kot Boot ကို Floppy version နဲ့ ISO version နှစ်ခုပေးထားပါတယ်။ ဒါဆို Usb ကနေဘယ်လို boot လုပ်ရမှာလဲ ဆိုတဲ့ မေးခွန်းတွေအတွက် နည်းရှိပါတယ်။

၁. UNetbootin သုံးရလိမ့်မယ် ။ ဒီက ယူပါ ။
၂. Kon-boot ကို floppy image ယူပြီး extract လုပ်ပါ။ .img နဲ့ format တစ်ခု ရလာလိမ့်မယ်။
၃. သုံးလိုတဲ့ Usb drive ကိုထည့်ပြီး Unetbootin Run ပေးလိုက်ပါ။


၎. Usb drive ရဲ့ drive letter ကို ရွေးပြီး type ကို usb drive လို့ထားပေးပါ ။ Ok နှိပ်လိုက်ပါဗျာ။
၅. Reboot လုပ်ပြီး Bios မှာ Usb ကနေ Boot ပါ။


Unetbootin ကို ဒီတစ်မျိုး အတွက်ပဲ သုံးတာမဟုတ်ပါဘူး ။ Ubuntu , Fedora , Freebsd , Suse အစရှိတဲ့ Linux Distrubution တွေမှာ သုံးလို့ ရပါတယ် ။ ISO version များ ဖြစ်တဲ့ Hiren အစအစ သော Boot Cd တွေအတွက် သုံးလို့ရပါတယ်ဗျာ။


wxPyDict Dictionary



မြန်မာ ဘာသာ မှ English ဘာသာ သို့ , English ဘာသာ မှ မြန်မာဘာသာ သို့ ပြန်ဆိုနိုင်ပါတယ် ။ Babylone ထက်ပိုမို စုံလင်ပါတယ် ။

Features (Quick)

+ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော အသုံးပြုပြီး ရှာဖွေနိုင်သည်။ အင်္ဂလိပ်-မြန်မာ (Ornagai), မြန်မာ-အင်္ဂလိပ် (စိုင်း မြန်မာ-အင်္ဂလိပ်), ကိုညီလင်းဆက် ပြုစုထားသော မြန်မာကျေးရွာနာမည်များအဘိဓာန် ကို အသုံးပြုထားသည်။

+ မြန်မာစာ၏ ဝဏ္ဏဖြတ်စနစ်ကို အသုံးပြုပြီး ရှာဖွေခြင်းကို ပိုမိုတိကျအောင် ပြုလုပ်ထားသည်။ ဥပမာ - ကံ ကိုရှာစဉ်တွင် ကြံ ကို ရှာဖွေမိခြင်းမရှိစေရ။

+ စာလုံးပေါင်း အတိုင်းအတာတစ်ခု အထိပြင်ပေးနိုင်သော အလိုအလျှောက် စစ်စတမ် တစ်ခုပါရှိသည်။ ဥပမာ - ကခြော်ကခြွတ် လို့ရိုက်ပြီး Enter ကီးသုံးပေးပါက အလိုအလျောက် ကချော်ကချွတ် သို့ပြောင်းပေးသွားမည်။

.:: Download WxPydict ::.

Wxpydict နှင့် Burglish Engine တို့ ကို ကိုစိုးမင်း ( MARK ) ရေးထားခြင်းဖြစ်သည်။

Burglish မှ မြန်မာစာလုံး သို့



Burglish ပဲ ရိုက်တတ်တဲ့သူ ဒါမှမဟုတ် အခြေအနေ အကြောင်းကြောင်းကြောင့် မြန်မာလိုရိုက်လို့ မရရင် burglish လိုရိုက်တာနဲ့ မြန်မာလို ပြန်ပေးပါလိမ့်မယ် ။

ဒီကိုသွားပါ ။ .:: Burlish Engine ::.

Keyboard နဲ့ Mouse Arrow ကိုရွှေ့မယ်


တစ်ခါတစ်လေ ကျရင် ကျွှန်တော်တို့ အပြင်မှာ outdoor စက်တွေ သွားပြင်ရတဲ့ အခါတွေမှာ ဖြစ်တတ်တာ လေး ရှိပါတယ်။ mouse မကောင်းတာ ဒါမှ မဟုတ် တစ်ခါ တစ်လေ usb mouse ဖြစ်တဲ့အတွက် ps2 တွေလောက် detect မမြန်တာတွေ ခဏခဏ ကြုံရပါတယ်။ အဲဒီ အခါကျရင် ကျွှန်တော် ကတော့ keyboard ကို mouse အနေနဲ့သုံးတယ်။ လွယ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

ALT + SHIFT + NUM LOCK ကိုတူတူ ဖိနှိပ်ပါ။ Mouse Key ဆိုတဲ့ Dialog Box လေးပေါ်လာပါလိမ့်မယ်။ Yes ရွေးပေးပါ။ အဲဒီ ကနေ စပြီး keyboard ကို mouse လိုသုံးလို့ရပါပြီ။ အောက်က ပုံကိုကြည့်ပါ။ ပိုမြန်ချင် ရင်တော့ run က main.cpl မှာ mouse speed ကိုတင်ပေးပါ။




What is Aero Shake, Aero Peek & Aero Snap Features In Window 7




မကြာသေး ခင်ကမှ released လုပ်ထားတဲ့ Microsoft ရဲ့ window 7 ဟာ vista ထက်သာလွန်တဲ့ အချက်တွေ Shut down , Restart , Start Up စတာတွေမှာ သိသိသာသာ ပိုမြန်ဆန်လာသလို UI ပိုင်းကလဲ ပြောစရာ မလိုအောင် ကောင်းပါတယ်။ Automatic Troubleshooter တွေပါတဲ့ ဒီ window ကတော့ end user တွေအတွက်လဲ သုံးစွဲရလွယ်ကူ စေမယ်လို့ ထင်ပါတယ်။ Window 7 ရဲ့ new features တွေထဲက အချို့ ဖြစ်တဲ့ Aero Shake , Aero Peek , Aero Snap စတာတွေကို အထက်ပါ video မှာ ကြည့်နိုင်ပါတယ်။

Deep Freeze Password Remover

Deep Freeze ကြီးတင်ပြီး password မေ့သွားလို့ အခက်တွေ့နေသူများအတွက် Deep Freeze Password Remover ကို ကိုဇော်ထက်ဟန်ကနေ မေးလ်ပို့လိုက်တဲ့အတွက် ပြန်ရှဲလိုက်ပါတယ်။ Deep Freeze version 6.10 မှာ စမ်းသပ်ကြည့်တာ ချက်ချင်းကိုပဲ password ပြုတ်သွားပါတယ်။

.:: DF Pass Remover ::.

Ref : :- ITmen


What Is UAC For Vista , Window 7 & DEP ?

UAC

UAC ( User Account Control ) ဆိုတာ Window Vista က စပြီး microsoft ရဲ့ feature တစ်ခု အဖြစ် ပါလာခဲ့သလို Window 7 မှာလဲပါလာပါတယ်။ Vista က UAC ကတော့ သုံးစွဲသူတွေကို စိတ်အနောက်အယှက် ဖြစ်စေတယ် လို့ ထင်ရပေမယ့် Security ပိုင်းဆိုင်ရာ အတွက်တော့ သာမာန် user တွေအတွက် ကာကွယ် ပေးနိုင်ပါတယ် ။ Window 7 မှာတော့ vista လောက် အနှောက်အယှက် မများတော့ပါဘူး။

UAC ရှိခြင်းအားဖြင့် User permission မရှိပဲနဲ့ excute လုပ်တဲ့ program တွေ run လို့မရတဲ့ ကောင်းကျိုးရှိ သလို User ဟာ Admin Right မရှိသလိုဖြစ်နေတဲ့ ဆိုးကျိုးလဲ ရှိပါသေးတယ်။ တစ်ချို့ program တွေ run ဖို့ အတွက်တော့ admin right လိုတဲ့ အတွက် Program တွေကို Right click နှိပ် Run as Administrator ဆိုပြီး ရွေးပေးလို့ရပါတယ်။ UAC ကို အောက်ပါအတိုင်း ပိတ်လို့ရပါတယ် ။

1. Control Panal မှ User Account ကို ရွေးပေးပါ။
2.အောက်ဆုံးက Change User Account Control Setting မှာ နှိပ်ပြီး အမှတ် ခြစ်ထားတာလေးကိုဖြုတ်ပြီး Ok နှိပ်ပါ ။ စက်အား Restart ချပေးလိုက်ပါ။ window 7 အတွက်ကတော့ ပုံ အတိုင်း ဘားတန်း ကို အောက်ကိုချပေးပါ ။




DEP

DEP ( Data Execution Prevention ) ဆိုတာ ကတော့ စက်ကိုထိခိုက်မယ် လို့ထင်ရတဲ့ program အချို့ နဲ့ window မှာ compitible မဖြစ်တဲ့ Program တွေ run လို့မရအောင်တားဆီးပေးပါတယ်။ တစ်ချို့ တစ်ချို့ သော Window program တွေကို OS က support မလုပ်ရင်လဲ DEP က excute လုပ်ခွင့်မပေးပါဘူး ။ Vista & Window 7 မှာ run လို့မရတဲ့ program အချို့ကို DEP ကို on ပေးပြီး သုံးလို့ရပါတယ် ။ DEP ကိုအောက်ပါအတိုင်း on လို့ရပါတယ်။

1. Window Key + R ( Run ) ကိုသွားပြီး sysdm.cpl လို့ရိုက်ပေးပါ ။
2.System Properties box ပေါ်လာရင် Advanced Tab ကိုရွေးပေးပါ။
3.Performance က Settings ကိုသွားပါ ။
4.Box ပေါ်လာလျှင် Data Execution Prevention ကိုသွားပါ။
5.Turn on DEP for all programs and services expect those I select ကိုရွေးပြီး ကို ဖွင့်ချင်သော program အား add လုပ်ပြီး ok နှိပ် စက်ကို restart ချပေးပါ။

Make Multiple Login For Msn , Yahoo & Gtalk

Google Talk ပွားသုံးနည်း ကို အားလုံး လိုလိုသိပြီးသား ဖြစ်နေပေမယ့် အများစု သုံးတဲ့ Window Live messenger နဲ့ Yahoo messenger တို့ ပွားနည်း ပါ တစ်ခါတည်း ရေးချင်တဲ့ အတွက် ဒီ post တင်လိုက်ရပါတယ်။ မသိသေးသူများ အတွက် နည်းသိသွားတာပေါ့ဗျာ ။

Google Talk

1.Google Talk Short Cut ပေါ်မှာ Right Click နှိပ် Properties ကိုရွေးပါ။
2.Target ရဲ့ နေရာက စာတန်းနောက်ဆုံး startmenu နေရာမှာ nomutex ကိုပြောင်းထည့်ပေးခြင်းအားဖြင့် Gtalk အားပွားသုံးလို့ရပါပြီ ။

Yahoo Messenger

1.Yahoo Messenger ကို install လုပ်ပြီးပါက notepad ကိုဖွင့်ပါ။
2.အောက်ပါ code လေးအား ကူးယူပါ။

REGEDIT4

[HKEY_CURRENT_USER\Software\Yahoo\Pager\Test]
"plural"=dword:00000020

3.သင်ကြိုက်နှစ်သော နာမည်ပေးပြီး .reg Extension ဖြင့် save ပါ။ ( Eg. yourfavname.reg )
4.အဆိုပါ ဖိုင်ကို Double Click နှိပ်ပါ ။ Warning Box ပေါ်ပါက yes ရွေးပေးပါ။
5.Box တစ်ခု ထပ်တပ်လာပါလိမ့်မယ် ။ Ok နှိပ်ပေးပါ။
သုံးလို့ ရပါပြီဗျာ။

Window Live Messenger ( MSN )

1.Msn အတွက် ကိုတော့ Live messenger ရဲ့ add-on တစ်ခု ဖြစ်တဲ့ Msn Shell ဆိုတာ ရှိရပါမယ်။
2.Msn shell ဟာ ပွားသုံးရန်တစ်ခုတည်းသာ မက Msn sniffer အစရှိတဲ့ အမျိုးမျိုးသော sniffing များအတွက် ကာကွယ်ပေးရုံသာမက , ပွားသုံးခြင်းနှင့် , Snap Feature စတာ တွေပါ ပါတဲ့အတွက် သုံးသင့်ပါတယ်။

.:: Msn Shell ::. ရယူရန်။

Internet Download Manager 5.18 Build 5


ပြောစရာ လိုမယ် မထင်ပါဘူး။ Online Streaming Website တွေက နေ video , Flash , Mp3 စသဖြင့် ကို လွယ်ကူစွာ Download လုပ်နိုင်တဲ့ Software ပါ။ Download Manager ထဲမှာတော့ အမြန်ဆုံးလို့ ပြောလို့ ရတယ်။ 5.18 Build 5 မှာတော့ Window 7 အတွက် Support ဖြစ်ပြီး အရင် version ကို Critical Bugs တွေက fix ထားပါတယ်။ အဆင်ပြေပါစေ။

.:: Download ::.

Ornagai


www.ornagai.com


Online Dictionary ဖြစ်ပါသည်။

Beta Version သာ ရှိသေးပေမယ့် သုံးစွဲရ လွယ်ကူပြီး English to Myanmar နှင့် Myanmar to English သို့ ပြန်ဆိုနိုင်ပါသည်။

မြန်မာများ အတွက် အဆင်ပြေအောင် ဖန်တီး ပေးကြတဲ့ ကိုစေတန် တို့အား ကျေးဇူးတင်ရှိပါသည်။

Create Run command For Ur Desire Program & Document



Create any name for ur favourite program shortcut. Just copy that & paste at System32 directory. U r done.

iPhone မှာ Screenshot လုပ်ကြည့်  ကြအောင်ဗျာ



iPhone ရဲ့ firmware 2.0 နဲ့  2.1 မှာပါတဲ့  screen shot feature လေးတခုပါ။ iphone နဲ့  ipod Touch တွေမှာ Screen Shot လုပ်ဖို့ အတွက် ပထမ Home button & Sleep button နှစ်ခုကို တပြိုင်ထဲ (အသက်မအောင့် ဘဲ :P ) နှိပ်ပေးရပါမယ်။ နှိပ်ပီး ရင် Screen Shoot ကို Access လုပ်ဖို့  အတွက် iPhone, Camera Roll ကိုဖွှင့်  ကြည့်  လိုက်ပါ မြင်ရပီ ဆိုတာ Saved Photo လုပ်ပေးရပါမယ်။ ipod Touch မှာ တော့  Check out saved Photo ပေါ့  . ဒါလေးကတော့ နဲနဲလေး ဘော်ဘော် တွေကိုစားလိုရတာပေါ့ ..... နော်




Mac OS X operating system on your Microsoft-supported PC



ကဲ ကျွှန်တော်တို့  Microsoft နဲ့  ပတ်သတ်ပီး နဲနဲလေးပျင်းနေကြသူများ အတွက် Efix-usb-dongle လေးသုံးပြီး Mac OS X operating system ကို Microsoft Supported Pc မှာအသုံးပြုနိုင်ပါ ပြီဗျာ။ဒါပေမဲ့  ဒီကောင်လေးက Gigabyte Motherboards နဲ့  Intel Processors မှာဘဲ လက်ရှိ Support လုပ်ပါတယ်။ သူရဲ့  ဈေးနုန်းကတော့  ဟဲဟဲ မလေး ၆၅၀ ရင်းဂစ်လောက်တော့  ပေါက်တယ်။ ဘာဘဲ ဖြစ်ဖြစ် နည်းပညာလေးနောက် ဖြည်းဖြည်းချင်း လိုက်ကြည့် ရတာ ပျော်စရာလေး ပါ။

Nero v9.4.26.0 Ultra Edition



Simply Create, Rip, Burn, Copy, Share, Backup, Play, and Enjoy

Nero 9 is the next generation of the world?s most trusted integrated digital media and home entertainment software suite. It features new cutting-edge functionality that makes enjoying digital media content simple.

This easy-to-use yet powerful multimedia suite, gives you the freedom to create, rip, copy, burn, edit, share, and upload online. Whatever you want ? music, video, photo, and data ? enjoy and share with family and friends anytime, anywhere.

With easy-to-use Nero StartSmart command center, your digital life has never been more flexible, feasible, and fun.

Nero 9 Highlights:

* Fast and easy rip, burn, Autobackup, and copy functions
* Backup files to CDs, DVDs, and Blu-ray Discs*
* Copy, burn, share, upload, and create music mixes like a DJ
* Quick photo and video upload to My Nero and other online communities.**
* Watch, record, pause, and customize your live TV experience

Download

.:: Part 1 ::.
.:: Part 2 ::.
.:: Part 3 :: .

Rar Password ::- DaRwIcH1234

Keygen

.:: KeyGen ::.

Command the burn of Deep Freeze

A few months ago I was working for on a clients network who had a third party come in and setup their network. Unfortunately, many of the PCs were setup with deep freeze. Now for those of you that don't know, deep freeze is this amazing program that allows administrators to lock the hard drive so that users can install software,
download files, etc and then as soon as you reboot the system is back to defaults.


When you want to change the settings you have to use a keyboard shortcut, Ctl+Alt+Shift+F6 in order to get to a login screen. Then once you type the password, you can "Thaw" the system. Each Thaw/ Freezed session is determined on how the system was told to boot. The screen gives options to Thaw it once and then once you have rebooted, re-Thaw system on reboot -- without logging back into the Deep freeze control panel.

You can figure out if a system is running deep freeze by looking for the following icon in the systray:

(polar bear, symbal of deep freeze)

However, this didn't work so well for me as I was wanting to install the newest version of office and setup the desktop icons with some new shortcuts, because, you guessed it, they had forgotten the password... So I was left with no way to get the computer changed or was I?

It turns out that Windows 2000, XP (and Vista too I am pretty sure,) have this save mode setting called safemode Command Prompt. Which loads the system with only the minimal components and a command prompt, and this is what allowed me to get access to the system and make changes with out Deep Freeze stopping me.



The how to:
  1. First reboot the computer
  2. Press F8 at boot
  3. Select "Safe Mode" with Command Prompt
  4. Wait for the Desktop to load. It will load windows just as in normal, but it will have a cmd window open... some systems may be locked, so you might need to try default usernames such as username=Adminstartor, password="", or whatever admin user you can get access to.
  5. At the black window that shows C:\ type,"explorer"
  6. This will start windows explorer which will allow you to do most system changes that are needed.

The only limitation of this hack is the fact that many programs will not install, however you can change (or delete Deep Freeze) permanently from the following folders and when you return to normal mode you will have complete control:

c:\program files\hypert~1\deepfr~1
c:\windows\system\iosubsys\persifrz.vxd
(you can easily delete both of these from the command line or explorer)

For more extensive information on deep freeze check out:
Source: http://www.governmentsecurity.org/forum/index.php?showtopic=123
(it is old but seems to still have relevancy)

Just remember you could get in a lot of trouble for modify business or school network computer systems... and I won't be there to thaw you out ;-)
Its simple. I write IT, you read IT.

Assign Keyboard Shortcuts to your Favorite Websites

We all have our own list of favorite websites that we like to visit several times a day. Now the point is how do you quickly access these frequently visited pages without having to type the URLs in the address bar?

One of the best options in Firefox is keyword bookmarking - you basically save the website to your Firefox bookmarks and then assign a (memorable) keyword to that bookmark.

For instance, I have assigned the keyword "w" to the Wikipedia homepage bookmark as in screenshot above. The next time I want to visit the Wikipedia site, I simply go the Firefox address bar, type w and hit Enter.

That’s the default method of doing things but if you are too bad at memorizing shortcuts and need something more simple (and beautiful), check out Site Launcher.

website shortcuts

You hit a shortcut key and there you have a list of all your favorite pages presented in a clean overlay window - press another key and the associated website will open in a new Firefox tab. The keyboard shortcuts works even while you are browsing the web in full-screen mode.

This visual appearance of Site Launcher overlay window is actually very similar to the help window of Gmail or Google Reader (see screenshot below) that’s invoked when your hit the Shift + ? keyboard shortcut and disappears on pressing the Escape key.

shortcuts window

You can add as many number of sites to the Site Launcher menu as you want and it will auto-download the corresponding favicon so you can recognize sites more quickly.

And while you can manually add any web page to Site Launcher using the menu, the shortcut Ctrl + Shift + S will quickly add the current web page to the Site Launcher menu in one click.

IT GARDEN