Thursday, November 26, 2009

Keyboard နဲ့ Mouse Arrow ကိုရွှေ့မယ်


တစ်ခါတစ်လေ ကျရင် ကျွှန်တော်တို့ အပြင်မှာ outdoor စက်တွေ သွားပြင်ရတဲ့ အခါတွေမှာ ဖြစ်တတ်တာ လေး ရှိပါတယ်။ mouse မကောင်းတာ ဒါမှ မဟုတ် တစ်ခါ တစ်လေ usb mouse ဖြစ်တဲ့အတွက် ps2 တွေလောက် detect မမြန်တာတွေ ခဏခဏ ကြုံရပါတယ်။ အဲဒီ အခါကျရင် ကျွှန်တော် ကတော့ keyboard ကို mouse အနေနဲ့သုံးတယ်။ လွယ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

ALT + SHIFT + NUM LOCK ကိုတူတူ ဖိနှိပ်ပါ။ Mouse Key ဆိုတဲ့ Dialog Box လေးပေါ်လာပါလိမ့်မယ်။ Yes ရွေးပေးပါ။ အဲဒီ ကနေ စပြီး keyboard ကို mouse လိုသုံးလို့ရပါပြီ။ အောက်က ပုံကိုကြည့်ပါ။ ပိုမြန်ချင် ရင်တော့ run က main.cpl မှာ mouse speed ကိုတင်ပေးပါ။




No comments:

Post a Comment